ဧ​သ​တာ 6:6-13 BCL

6 ထို့​ကြောင့်​ဟာ​မန်​သည်​ရှေ့​တော်​သို့​ဝင်​ရောက် လာ​လေ​သည်။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``ငါ ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​တစ်​ယောက်​ရှိ​သည်။ ထို သူ​ကို​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ရ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ဟာ​မန်​သည်``အ​ဘယ်​သူ​အား​မင်း​ကြီး​ဂုဏ်​ပြု ချီး​မြှင့်​လို​ပါ​လိမ့်​မည်​နည်း။ ငါ့​ကို​သာ​လျှင် ဖြစ်​တန်​ရာ​၏'' ဟု​တွေး​တော​ပြီး​လျှင်၊-

7-8 မင်း​ကြီး​က``ဘု​ရင်​မင်း​ကြီး​ဆင်​ယင်​တော် မူ​သော​မင်း​မြောက်​တန်​ဆာ၊ စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော​ရာ​ဇ​သ​ရ​ဖူ ကို​ယူ​ခဲ့​စေ​တော်​မူ​ပါ။-

9 ထို​နောက်​မှူး​ကြီး​မတ်​ကြီး​တစ်​ပါး​ကို ထို​သူ အား​ထို​တန်​ဆာ​တော်​များ​ကို​ဝတ်​ဆင်​ပေး စေ​ပြီး​လျှင် မြင်း​ပေါ်​တွင်​တင်​၍​မြင်း​ကို ဆွဲ​ကာ​မြို့​ကို​လှည့်​လည်​လျက်`ဘု​ရင်​မင်း​မြတ် သည်​မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့' ဟု ကြွေး​ကြော်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

10 ထို​အ​ခါ​မင်း​ကြီး​သည်​ဟာ​မန်​အား``အ​ဝတ် တန်​ဆာ​နှင့်​မြင်း​တော်​ကို​အ​မြန်​ယူ​၍​ယု​ဒ အ​မျိုး​သား​မော်​ဒ​ကဲ​အား​ဂုဏ်​ပြု​ချီး​မြှင့် လော့။ သင်​ပြော​သ​မျှ​အ​တိုင်း​ပြု​လော့။ သူ သည်​နန်း​တော်​အ​ဝင်​ဝ​တွင်​ထိုင်​လျက်​နေ သည်​ကို​သင်​တွေ့​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

11 ထို့​ကြောင့်​ဟာ​မန်​သည်​အ​ဝတ်​တန်​ဆာ​တော် နှင့်​မြင်း​တော်​ကို​ယူ​ခဲ့​ပြီး​လျှင် မော်​ဒ​ကဲ အား​အ​ဝတ်​တန်​ဆာ​တော်​ကို​ဝတ်​ဆင်​ပေး ကာ​မြင်း​ပေါ်​သို့​တင်​၍``ဘု​ရင်​မင်း​မြတ်​သည် မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား အ​ဘယ်​သို့ ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​မြင်း​ကို​ဆွဲ​၍​မြို့​တွင်း​၌ လှည့်​လည်​ရ​လေ​သည်။

12 ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-

13 မိ​မိ​ဇ​နီး​နှင့်​မိတ်​ဆွေ​များ​အား မိ​မိ​ကြုံ​တွေ့ ခဲ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ လေ​သည်။ ထို​အ​ခါ​ဇ​နီး​ဖြစ်​သူ​နှင့်​မိတ်​ဆွေ ပ​ညာ​ရှိ​တို့​က``ကိုယ်​တော်​သည်​မော်​ဒ​ကဲ​ကို ရှုံး​စ​ပြု​လေ​ပြီ။ သူ​သည်​ယု​ဒ​အ​မျိုး​သား မှန်​လျှင်​ကိုယ်​တော်​သည်​သူ့​ကို​မ​နိုင်။ သူ​သည် ကိုယ်​တော်​ကို​မု​ချ​အ​နိုင်​ရ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​၏။