၁ ရာ​ချုပ် 16:20-26 BCL

20 တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။

21 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။

22 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။

23 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကိုနေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။

24 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။

25 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။

26 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။