26 အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
27 ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
28 ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
29 ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
30 ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
31 အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။
32 ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။