1 ထိုနောက်ကာလအနည်းငယ်ကြာသော အခါ အမ္မုန်ဘုရင်နာဟတ်ကွယ်လွန်၍ သူ၏သားဟာနုန်မင်းဖြစ်လေ၏။-
2 ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။-
3 အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
4 ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-