2 အာသပ်၏သားများဖြစ်ကြသောဇက္ကုရ၊ ယောသပ်၊ နေသနိနှင့်အာရှရေလတို့သည်မင်းကြီးအမိန့် ပေးသည့်အခါတိုင်း ဘုရားသခင်၏တရားတော် ကိုဟောပြောရသူအာသပ်၏ညွှန်ကြားကွပ် ကဲမှုကိုခံယူရကြ၏။
3 ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
4 ဟေမန်၏သားတစ်ဆယ့်လေးယောက်မှာ ဗုက္ကိ၊ မတ္တနိ၊ သြဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်ဟူ၍ဖြစ်သတည်း။-
5 ဘုရင်၏ပရောဖက်ဖြစ်သူဟေမန်အားဘုရားသခင်သည် မိမိကတိတော်ရှိသည့်အတိုင်းချီး မြှင့်ရန် သားတစ်ဆယ့်လေးယောက်နှင့်သမီးသုံး ယောက်ကိုပေးတော်မူ၏။-
6 သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။
7 ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
8 ထိုသူတို့သည်ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူဟူ၍ခွဲခြားခြင်းမရှိဘဲ တာဝန်ဝတ္တရားများခွဲခန့်သတ်မှတ်ရာ၌ မဲနှိုက်၍ ယူရကြ၏။