၁ ရာ​ချုပ် 25:3-9-31 BCL

3 ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

4 ဟေ​မန်​၏​သား​တစ်​ဆယ့်​လေး​ယောက်​မှာ ဗုက္ကိ၊ မတ္တ​နိ၊ သြ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိဒ္ဒါ​လ​တိ၊ ရော​မန္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မလ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​ဟူ​၍​ဖြစ်​သ​တည်း။-

5 ဘု​ရင်​၏​ပ​ရော​ဖက်​ဖြစ်​သူ​ဟေ​မန်​အား​ဘု​ရား​သ​ခင်​သည် မိ​မိ​ကတိ​တော်​ရှိ​သည့်​အ​တိုင်း​ချီး မြှင့်​ရန် သား​တစ်​ဆယ့်​လေး​ယောက်​နှင့်​သ​မီး​သုံး ယောက်​ကို​ပေး​တော်​မူ​၏။-

6 သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။

7 ဤ​သူ​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​ညီ​အစ်​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် လေ့​ကျင့်​ထား​သော ဂီ​တ​ပ​ညာ​သည်​များ​ဖြစ်​၍​အ​ထူး​ကျွမ်း ကျင်​သူ​များ​တည်း။ သူ​တို့​၏​ဦး​ရေ​မှာ​စု​စု ပေါင်း​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​ဖြစ်​၏။

8 ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။

9-31 ဤ​သူ​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​တို့​ကို​တစ်​အုပ်​စု လျှင် တစ်​ဆယ့်​နှစ်​ယောက်​ပါ​ဝင်​သော​အုပ်​စု​နှစ်​ဆယ့် လေး​စု​ခွဲ​ထား​၏။ တစ်​အုပ်​စု​လျှင်​ခေါင်း​ဆောင်​တစ် ယောက်​စီ​ရှိ​၏။ တာ​ဝန်​အ​ရ​အောက်​ပါ​အ​တိုင်း​ခွဲ ထား​၏။ အာ​သပ်​၏​အိမ်​ထောင်​စု​မှ၊၁။ ယော​သပ်၊၂။ ဂေ​ဒ​လိ၊၃။ ဇက္ကု​ရ၊၄။ ဣ​ဇ​ရိ၊၅။ နေ​သ​နိ၊၆။ ဗုက္ကိ၊၇။ ယေ​ရှ​ရေ​လ၊၈။ ယေ​ရှာ​ယ၊၉။ မတ္တ​နိ၊၁၀။ ရှိ​မိ၊၁၁။ အာ​ရေ​လ၊၁၂။ ဟာ​ရှ​ဘိ၊၁၃။ ရှေ​ဗွေ​လ၊၁၄။ မတ္တိ​သိ၊၁၅။ ယေ​ရ​မုတ်၊၁၆။ ဟာ​န​နိ၊၁၇။ ယော​ရှ​ဗေ​က​ရှ၊၁၈။ ဟာ​နန်၊၁၉။ မ​လ္လော​သိ၊၂၀။ ဧ​လျာ​သာ၊၂၁။ ဟော​သိ​ရ၊၂၂။ ဂိဒ္ဒါ​လ​တိ၊၂၃။ မ​ဟာ​ဇ​ယုတ်​နှင့်၂၄။ ရော​မန္တေ​ဇာ၊ ဟူ​၍​ဖြစ်​သ​တည်း။