17 ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
18 ``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
19 ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
20 အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
21 ထို့ကြောင့်ထာဝရဘုရားက`ငါသည်သင့် အားဘေးဒဏ်သင့်စေမည်။ သင့်ကိုသုတ်သင် ပယ်ရှင်း၍သင်၏အိမ်ထောင်စုသားယောကျာ်း ဟူသမျှကိုလည်းဖယ်ရှားပစ်မည်။-
22 သင်သည်ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြသည်ဖြစ်၍ သင်၏ အိမ်ထောင်စုသည်နေဗက်၏သားယေရောဗောင် မင်း၏အိမ်ထောင်စုကဲ့သို့လည်းကောင်း၊ အဟိယ ၏သားဗာရှာမင်း၏အိမ်ထောင်စုကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။'-
23 ယေဇဗေလနှင့်ပတ်သက်၍ထာဝရဘုရား က`ယေဇရေလမြို့တွင်ထိုအမျိုးသမီး၏ အလောင်းသည်ခွေးစာဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးမှန်သမျှတို့သည်လည်းမြို့တွင်း ၌သေလျှင်ခွေးစာ၊-