တ​ရား​ဟော 3:1-7 BJB

1 ထိုအခါငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှါချီလာ၏။

2 ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။

3 ထိုသို့ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။

4 ထိုအခါ ငါတို့သည်မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင်ဩဃမင်း၏နိုင်ငံကို၊ တမြို့မျှမကြွင်းစေခြင်းငှါ တိုက်ယူကြ၏။

5 ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသောရွာတို့ကိုလည်းတိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။

6 ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကိုသုတ်သင်ပယ်ရှင်းကြ၏။

7 တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများရှိသမျှတို့ကို ကိုယ်ဘို့သိမ်းယူကြ၏။