ယောဘဝတ္တု။ 26:3-9 BJB

3 မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသောပညာကို အဘယ်သို့ပြသနည်း။

4 ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။

5 အောက်အရပ်၌ သင်္ချၖိုင်းသားတို့နှင့်တကွ ရေများနှင့် ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။

6 မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။

7 မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။

8 ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။

9 မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။