15 ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16 ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမှီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖယ်လှည်၍မရနိုင်။
18 သန္တာနှင့် ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19 ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
20 သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21 အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။