4 မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
5 သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက်နှင့် လုပ်ရမည်။
6 ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။
7 အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။
8 ထိုဘောဇဉ်ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။
9 ထိုဘောဇဉ်ပူဇော်သက္ကာထဲက အတွက်အတာကိုနှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
10 ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။