ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12 MSB

လုံ​လောက်​သော​ကျေး​ဇူး​တော်

1 ငါ​သည် ဝါ​ကြွား​ရ​မည်​ဖြစ်​၍ အ​ကျိုး​မ​ရှိ​သော်​လည်း သ​ခင်​ဘု​ရား​ပေး​တော်​မူ​သော ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ်​တော်​အ​ကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။

2 လွန်​ခဲ့​သော​တစ်​ဆယ့်​လေး​နှစ်​က တ​တိ​ယ​ကောင်း​ကင်​တိုင်​အောင် ချီ​ဆောင်​ခြင်း​ခံ​ရ​သည့် ခ​ရစ်​တော်​၌​တည်​သော​လူ​တစ်​ဦး​ကို ငါ​သိ​၏။ သူ​သည် ကိုယ်​ခန္ဓာ​ပါ​လျက် ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော သို့​မ​ဟုတ် ကိုယ်​ခန္ဓာ​မ​ပါ​ဘဲ ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော ငါ​မ​သိ။ ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

3 သူ​သည် ပ​ရ​ဒိ​သု​ဘုံ​ထဲ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​၏။ ထို​သို့​ချီ​ဆောင်​ခြင်း​ခံ​ရာ​၌ ကိုယ်​ခန္ဓာ​ပါ​လျက် ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော သို့​မ​ဟုတ် ကိုယ်​ခန္ဓာ​မ​ပါ​ဘဲ ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော ငါ​မ​သိ။ ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

4 သူ​သည် လူ​တို့​ပြော​ခွင့်​မ​ရှိ၊ ပြော​ပြ​၍​လည်း​မ​ရ​နိုင်​သော​စ​ကား​တို့​ကို ကြား​ခဲ့​ရ​၏။

5 ထို​သို့​သော​သူ​နှင့်​ပတ်​သက်​၍ ငါ​ဝါ​ကြွား​မည်။ ငါ​နှင့်​ပတ်​သက်​၍​မူ​ကား ငါ​၏​အား​နည်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး ဝါ​ကြွား​ခြင်း​ကို ငါ​မ​ပြု။

6 ငါ​သည် ဝါ​ကြွား​ရန်​အ​လို​ရှိ​လျှင်​လည်း အ​မှန်​ကို​သာ​ပြော​မည်​ဖြစ်​၍ မိုက်​မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့​သော် မည်​သူ​မျှ ငါ့​ကို​မြင်​ရ​သည်​ထက် သို့​မ​ဟုတ် ငါ့​အ​ကြောင်း​ကို ကြား​ရ​သည်​ထက်​ပို​၍ ငါ့​ကို​မ​ထင်​မြင်​မိ​စေ​ရန် ငါ​မ​ဝါ​ကြွား​ဘဲ​နေ​မည်။

7 ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော်​သည် အ​လွန်​ထူး​မြတ်​သော​ကြောင့် ငါ​မ​ထောင်​လွှား​စေ​ရန် ငါ​၏​ကိုယ်​ကာ​ယ​ထဲ​၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်​လွှား​စေ​ရန် ငါ့​ကို​ထိုး​နှက်​သည့် စာ​တန်​၏​စေ​တ​မန်​ဖြစ်​၏။

8 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍ ၎င်း​ကို ငါ့​ထံ​မှ​ဖယ်​ရှား​ပေး​ပါ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​ထံ သုံး​ကြိမ်​တိုင်​တိုင် ငါ​တောင်း​လျှောက်​ခဲ့​၏။

9 သို့​သော် ကိုယ်​တော်​က “ငါ​၏​ကျေး​ဇူး​တော်​သည် သင့်​အ​တွက်​လုံ​လောက်​ပေ​၏။ အ​ကြောင်း​မူ​ကား ငါ​၏​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်​၌ ပြည့်​စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်​မူ​၏။ ထို့​ကြောင့် ခ​ရစ်​တော်​၏​တန်​ခိုး​သည် ငါ့​အ​ပေါ်​တည်​နေ​မည့်​အ​ကြောင်း ငါ​သည် ငါ​၏​အား​နည်း​ခြင်း​၌ သာ​၍​ဝမ်း​မြောက်​စွာ​ဝါ​ကြွား​မည်။

10 သို့​ဖြစ်​၍ ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ခက်​ခဲ​ကျပ်​တည်း​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း​နှင့် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​တို့​ကို ငါ​နှစ်​သက်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်​ရှိ​၏။

တ​မန်​တော်​တစ်​ဦး​၏​လက္ခ​ဏာ​များ

11 ငါ​သည် မိုက်​မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အ​တင်း​အ​ကျပ် ထို​သို့​ဖြစ်​စေ​ကြ​၏။ အ​မှန်​စင်​စစ် ငါ​သည် သင်​တို့​၏​ထောက်​ခံ​ချီး​ကျူး​မှု​ကို ခံ​ထိုက်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် မ​ပြော​ပ​လောက်​သော​သူ​ဖြစ်​သော်​လည်း ထိပ်​တန်း​တ​မန်​တော်​များ​ထက် အ​နည်း​ငယ်​မျှ​မ​ညံ့​ပေ။

12 အ​မှန်​စင်​စစ် ငါ​၏​တ​မန်​တော်​ဖြစ်​ခြင်း​၏​အ​မှတ်​လက္ခ​ဏာ​များ​မှာ အ​လုံး​စုံ​သော​သည်း​ခံ​ခြင်း​ဖြင့် သင်​တို့​တွင်​ပြု​သော နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဩ​ဖွယ်​ရာ​များ​နှင့် တန်​ခိုး​များ​ပင်​ဖြစ်​ကြ​၏။

13 ငါ​ကိုယ်​တိုင်​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​ခြင်း​မှ​တစ်​ပါး သင်​တို့​၌ အ​ခြား​သော​အ​သင်း​တော်​များ​ထက် ပို​၍​ဂုဏ်​ငယ်​စ​ရာ​အ​ကြောင်း တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ဤ​မ​မျှ​တ​မှု​အ​တွက် ငါ့​ကို​ခွင့်​လွှတ်​ကြ​လော့။

ကော​ရိန္သု​မြို့​သား​တို့​ကို​ပေါ​လု​အ​လေး​ထား​ခြင်း

14 ယ​ခု ငါ​သည် သင်​တို့​ထံ​သို့ တ​တိ​ယ​အ​ကြိမ်​လာ​ရန် အ​သင့်​ရှိ​၏။ သို့​သော် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အ​လို​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အ​လို​ရှိ​၏။ သား​သ​မီး​တို့​သည် မိ​ဘ​တို့​အ​တွက် စု​ဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိ​ဘ​တို့​က​သာ သား​သ​မီး​တို့​အ​တွက် စု​ဆောင်း​ရ​၏။

15 ငါ​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် ဝမ်း​မြောက်​စွာ ငါ့​ဥစ္စာ​ကို​အ​သုံး​ပြု​၍ ငါ့​ကိုယ်​ကို​လည်း အ​ကုန်​အ​စင်​အ​သုံး​ပြု​မည်။ သင်​တို့​အ​ပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုး​ပွား​လာ​လျှင် ငါ့​အ​ပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့​ပါး​သွား​မည်​လော။

16 ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​သော်​လည်း ပါး​နပ်​သော​သူ​ဖြစ်​၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ထံ​မှ ရ​ယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်

17 သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခဲ့​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​အား​ဖြင့် သင်​တို့​ကို ငါ​အ​မြတ်​ထုတ်​ခဲ့​ဖူး​သ​လော။

18 ငါ​သည် တိ​တု​ကို သင်​တို့​ထံ​သို့​လာ​ရန် တိုက်​တွန်း​၍ သူ​နှင့်​အ​တူ ညီ​အစ်​ကို​တစ်​ဦး​ကို​စေ​လွှတ်​ခဲ့​၏။ တိ​တု​သည် သင်​တို့​ကို အ​မြတ်​ထုတ်​ခဲ့​သ​လော။ ငါ​တို့​သည် တူ​ညီ​သော​စိတ်​သ​ဘော​ဖြင့် ခြေ​ရာ​တစ်​ထပ်​တည်း​လျှောက်​လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။

19 ငါ​တို့​သည် သင်​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို ကာ​ကွယ်​ပြော​ဆို​နေ​ကြ​သည်​ဟု တစ်​ချိန်​လုံး သင်​တို့​ထင်​မှတ်​နေ​ကြ​သ​လော။ ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အ​ရာ​အား​လုံး​သည် သင်​တို့​၏​တည်​ဆောက်​စ​ရာ​အ​တွက်​ဖြစ်​၏။

20 ငါ​ရောက်​လာ​သော​အ​ခါ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​သ​ကဲ့​သို့ ငါ့​ကို​လည်း သင်​တို့​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​မည်​ကို​လည်း​ကောင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း၊ ပုတ်​ခတ်​ပြော​ဆို​ခြင်း၊ အ​တင်း​အ​ဖျင်း​ပြော​ဆို​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း​နှင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်း​ကောင်း ငါ​စိုး​ရိမ်​၏။

21 နောက်​တစ်​ဖန် ငါ​လာ​သော​အ​ခါ ဘု​ရား​သ​ခင်​သည် သင်​တို့​ရှေ့​၌ ငါ့​ကို​နှိမ့်​ချ​တော်​မူ​၍ ယ​ခင်​က အ​ပြစ်​ကျူး​လွန်​ခဲ့​လျက်​ပင် မိ​မိ​တို့​ပြု​ကျင့်​ခဲ့​သည့် ညစ်​ညူး​ခြင်း၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​နှင့် ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​တို့​ကို နောင်​တ​မ​ရ​သေး​သော​သူ​များ​စွာ​ရှိ​သည့်​အ​တွက် ငါ​ဝမ်း​နည်း​ကြေ​ကွဲ​ရ​မည်​ကို​လည်း ငါ​စိုး​ရိမ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13