တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:13-19 MSB

13 ခပ်​သိမ်း​သော​အ​ရာ​တို့​အား အ​သက်​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​ရှေ့​တွင် သက်​သေ​ခံ​သော​အ​ခါ ကောင်း​သော​ဝန်​ခံ​ချက်​ကို​ပေး​တော်​မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​၌​လည်း​ကောင်း သင့်​အား ငါ​ညွှန်​ကြား​သည်​ကား

14 သင်​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ပေါ်​ထွန်း​တော်​မူ​သည့်​တိုင်​အောင် ဤ​ပ​ညတ်​ချက်​ကို အ​စွန်း​အ​ထင်း​ကင်း​၍ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​အောင် စောင့်​ထိန်း​လော့။

15 အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​၍ တစ်​ပါး​တည်း​အုပ်​စိုး​တော်​မူ​သော​အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။

16 ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် သေ​ခြင်း​နှင့်​ကင်း​သော​အ​ဖြစ်​၌​ရှိ​လျက် ချဉ်း​ကပ်​၍​မ​ရ​သော​အ​လင်း​၌ ကိန်း​ဝပ်​တော်​မူ​၏။ လူ​တို့​တွင် မည်​သူ​တစ်​ဦး​တစ်​ယောက်​မျှ ကိုယ်​တော်​ကို​မ​မြင်​ဖူး​သ​ကဲ့​သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘု​ရား​သ​ခင်​၌ ဂုဏ်​သ​ရေ​နှင့်​ထာ​ဝ​ရ​တန်​ခိုး​အ​ရှိန်​အ​ဝါ​ရှိ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

17 ဤ​လော​က​၌ ချမ်း​သာ​သော​သူ​တို့​သည် စိတ်​နေ​မြင့်​ခြင်း၊ မ​မြဲ​သော​စည်း​စိမ်​များ​အ​ပေါ်​၌ မျှော်​လင့်​အား​ထား​ခြင်း​မ​ရှိ​ဘဲ ပျော်​ရွှင်​မှု​အ​တွက် အ​လုံး​စုံ​တို့​ကို ငါ​တို့​အား ကြွယ်​ဝ​စွာ​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ပေါ်​၌ မျှော်​လင့်​အား​ထား​ကြ​ရန်​လည်း​ကောင်း၊

18 ကောင်း​သော​အ​မှု​ကို​ပြု​လျက် ကောင်း​သော​အ​ကျင့်​များ​ဖြင့်​ကြွယ်​ဝ​ကာ ရက်​ရော​စွာ​ဝေ​မျှ​ပေး​ကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍

19 စစ်​မှန်​သော​အ​သက်​ကို​ရ​ယူ​ပိုင်​ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘ​ဝ​အ​တွက် ကောင်း​သော​အုတ်​မြစ်​ကို မိ​မိ​တို့​အ​တွက်​ချ​ထား​ကြ​ရန်​လည်း​ကောင်း ညွှန်​ကြား​လော့။