တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:7-13 MSB

7 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ မည်​သည့်​အ​ရာ​ကို​မျှ မ​ယူ​လာ​သ​ကဲ့​သို့ မည်​သည့်​အ​ရာ​ကို​မျှ​လည်း ယူ​သွား​နိုင်​ကြ​မည်​မ​ဟုတ်။

8 သို့​ဖြစ်​၍ စား​စ​ရာ​နှင့်​ဝတ်​စ​ရာ​ရှိ​လျှင် ထို​အ​ရာ​တို့​နှင့်​ကျေ​နပ်​ကြ​ရ​မည်။

9 ချမ်း​သာ​လို​သော​သူ​တို့​သည် ဖြား​ယောင်း​သွေး​ဆောင်​ရာ​ထဲ​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ထဲ​သို့​လည်း​ကောင်း၊ လူ​တို့​ကို ပျက်​စီး​ခြင်း​နှင့်​ဆုံး​ရှုံး​ခြင်း​တွင် နစ်​မွန်း​စေ​တတ်​သော မိုက်​မဲ​၍​အန္တ​ရာယ်​ရှိ​သည့် တပ်​မက်​ခြင်း​အ​မျိုး​မျိုး​ထဲ​သို့​လည်း​ကောင်း ကျ​ရောက်​တတ်​ကြ​၏။

10 အ​ကြောင်း​မူ​ကား ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​မှု​အ​လုံး​စုံ​တို့​၏​အ​ရင်း​အ​မြစ်​ဖြစ်​၏။ လူ​အ​ချို့​တို့​သည် ငွေ​ကို​အ​လွန်​တပ်​မက်​သ​ဖြင့် ယုံ​ကြည်​ခြင်း​လမ်း​မှ လွဲ​ချော်​သွား​၍ များ​စွာ​သော​ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို ထိုး​ဖောက်​နာ​ကျင်​စေ​ကြ​ပြီ။

11 အို ဘု​ရား​သ​ခင်​၏​လူ၊ သင်​မူ​ကား ထို​အ​ရာ​များ​ကို​ရှောင်​၍ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို လက်​ကိုင်​ပြု​လော့။

12 ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​သော​တိုက်​ပွဲ​ကို​တိုက်​၍ ထာ​ဝ​ရ​အ​သက်​ကို ရ​ယူ​ပိုင်​ဆိုင်​လော့။ သင်​သည် ထို​အ​သက်​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ကို​ခံ​ရ​၍ များ​စွာ​သော​သက်​သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်​ခံ​ချက်​ကို​ပေး​လေ​ပြီ။

13 ခပ်​သိမ်း​သော​အ​ရာ​တို့​အား အ​သက်​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​ရှေ့​တွင် သက်​သေ​ခံ​သော​အ​ခါ ကောင်း​သော​ဝန်​ခံ​ချက်​ကို​ပေး​တော်​မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​၌​လည်း​ကောင်း သင့်​အား ငါ​ညွှန်​ကြား​သည်​ကား