တ​မန်​တော်​ဝတ္ထု 17:20-26 MSB

20 အ​ကြောင်း​မူ​ကား သင်​သည် ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​အ​ချို့​တို့​ကို ယူ​ဆောင်​လာ​သည်​ဖြစ်​၍ ၎င်း​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။

21 အေ​သင်​မြို့​သား​များ​မှ​စ​၍ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော သူ​စိမ်း​ဧည့်​သည်​အ​ပေါင်း​တို့​သည် အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ပြော​ဆို​ရန် သို့​မ​ဟုတ် ကြား​နာ​ရန်​အ​တွက်​သာ အ​ချိန်​ကို​အ​သုံး​ချ​တတ်​ကြ​၏။

22 ထို့​ကြောင့် ပေါ​လု​သည် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​လယ်​၌​ရပ်​လျက် “အေ​သင်​မြို့​သား​တို့၊ သင်​တို့​သည် အ​ရာ​ရာ​၌ ဘာ​သာ​တ​ရား​အ​လွန်​ကိုင်း​ရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။

23 သင်​တို့​ကိုး​ကွယ်​သော​အ​ရာ​များ​ကို လှည့်​လည်​၍​ကြည့်​ရှု​စဉ် ‘မ​သိ​သော​ဘု​ရား​အ​တွက်’​ဟု ကမ္ပည်း​ထိုး​ထား​သည့် ယဇ်​ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့​ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော ထို​ဘု​ရား​အ​ကြောင်း​ကို သင်​တို့​အား ငါ​ဟော​ပြော​ပါ​မည်။

24 ကမ္ဘာ​လော​က​နှင့် ၎င်း​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။

25 ကိုယ်​တော်​သည် အ​သက်​နှင့်​တ​ကွ ထွက်​သက်​ဝင်​သက်​နှင့် အ​ရာ​ခပ်​သိမ်း​တို့​ကို လူ​အ​ပေါင်း​တို့​အား ပေး​တော်​မူ​သည်​ဖြစ်​၍ တစ်​စုံ​တစ်​ခု​ကို​လို​အပ်​သည့်​အ​လား လူ့​လက်​ဖြင့်​ပြု​စု​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။

26 ကိုယ်​တော်​သည် လူ​တစ်​ဦး​တည်း​မှ လူ​မျိုး​အား​လုံး​ကို ဖန်​ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အ​နှံ့​တွင်​နေ​ထိုင်​စေ​ကာ အ​ချိန်​ကာ​လ​များ​နှင့် သူ​တို့​နေ​ထိုင်​ရာ​နယ်​နိ​မိတ်​များ​ကို ကြို​တင်​ချ​မှတ်​ပေး​တော်​မူ​၏။