တ​မန်​တော်​ဝတ္ထု 19:1-4 MSB

1 အာ​ပေါ​လု​သည် ကော​ရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါ​လု​သည် ကုန်း​တွင်း​ပိုင်း​ဒေ​သ​များ​ကို​ဖြတ်​၍ ဧ​ဖက်​မြို့​သို့ ဆင်း​လာ​၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ချို့​တို့​ကို တွေ့​သ​ဖြင့်

2 “သင်​တို့​ယုံ​ကြည်​ကြ​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​သ​လော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အ​ကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေ​ကြား​ကြ​၏။

3 ပေါ​လု​က​လည်း “သို့​ဖြစ်​လျှင် မည်​သည့်​ဗတ္တိ​ဇံ​ကို ခံ​ခဲ့​ကြ​သ​နည်း”​ဟု မေး​လျှင် သူ​တို့​က “ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေ​ကြား​ကြ​၏။

4 ထို​အ​ခါ ပေါ​လု​က “ယော​ဟန်​သည် ‘မိ​မိ​နောက်​တွင်​ကြွ​လာ​မည့်​အ​ရှင်​ကို​ယုံ​ကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​ကို​ပေး​၏။ ထို​သို့​ဆို​ရာ​၌​ယေ​ရှု​ကို​ဆို​လို​၏”​ဟု ဆို​လေ​၏။