တ​မန်​တော်​ဝတ္ထု 24:10-16 MSB

10 ထို​အ​ခါ ဘု​ရင်​ခံ​သည် ပေါ​လု​အား ပြော​ဆို​ရန်​အ​ချက်​ပြ​သ​ဖြင့် ပေါ​လု​က “အ​ရှင်​သည် ဤ​လူ​မျိုး​ကို နှစ်​ပေါင်း​များ​စွာ​တ​ရား​စီ​ရင်​သူ​ဖြစ်​ကြောင်း​သိ​လျက် အ​ကျွန်ုပ်​အ​မှု​နှင့်​ပတ်​သက်​၍ ဝမ်း​မြောက်​စွာ​ချေ​ပ​ပြော​ဆို​ပါ​သည်။

11 အ​ကျွန်ုပ်​သည် ဝတ်​ပြု​ကိုး​ကွယ်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​ခဲ့​သည်​မှာ တစ်​ဆယ့်​နှစ်​ရက်​ထက်​မ​ပို​သေး​ကြောင်း အ​ရှင်​စုံ​စမ်း​သိ​ရှိ​နိုင်​ပါ​သည်။

12 အ​ကျွန်ုပ်​သည် ဗိ​မာန်​တော်​၌​ဖြစ်​စေ၊ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌​ဖြစ်​စေ၊ မြို့​ထဲ​၌​ဖြစ်​စေ တစ်​စုံ​တစ်​ဦး​နှင့် အ​ချေ​အ​တင်​ပြော​ဆို​နေ​သည်​ကို​လည်း​ကောင်း၊ လူ​တို့​အား အုံ​ကြွ​အောင်​ပြု​နေ​သည်​ကို​လည်း​ကောင်း သူ​တို့​မ​တွေ့​ကြ​ပါ။

13 ယ​ခု အ​ကျွန်ုပ်​အ​ပေါ်​စွပ်​စွဲ​နေ​သည့်​အ​ချက်​များ​နှင့်​ပတ်​သက်​၍​လည်း သူ​တို့​သည် အ​ရှင့်​ထံ​သက်​သေ​မ​ပြ​နိုင်​ပါ။

14 သို့​သော် အ​ကျွန်ုပ်​သည် ဂိုဏ်း​ကွဲ​ဟု သူ​တို့​ခေါ်​ဝေါ်​သော တ​ရား​လမ်း​အ​တိုင်း ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​နေ​ကြောင်း အ​ရှင့်​ရှေ့​၌​ဝန်​ခံ​ပါ​သည်။ အ​ကျွန်ုပ်​သည် ပ​ညတ်​တ​ရား​နှင့်​ညီ​သော​အ​ရာ​များ​နှင့် ပ​ရော​ဖက်​ကျမ်း​များ​တွင် ရေး​ထား​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ယုံ​ကြည်​လျက်

15 သူ​တို့​ကိုယ်​တိုင်​လည်း စောင့်​မျှော်​သ​ကဲ့​သို့ ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​စေ၊ မ​ဖြောင့်​မတ်​သော​သူ​များ​ဖြစ်​စေ နောင်​တွင် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဟု ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ မျှော်​လင့်​နေ​ပါ​သည်။

16 ထို့​ကြောင့် အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​တို့​ရှေ့​တွင် အ​ပြစ်​တင်​စ​ရာ​ကင်း​သော အ​သိ​စိတ်​အ​မြဲ​ထား​ရှိ​ရန် ကြိုး​စား​အား​ထုတ်​ပါ​သည်။