6 ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။
7 ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
8 ထို့ကြောင့် ငါသည် သင်ပြုသင့်သည့်အရာကိုပြုရန် အမိန့်ပေးနိုင်သည်ဟု ခရစ်တော်အားဖြင့် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသော်လည်း
9 ချစ်ခြင်းမေတ္တာအားဖြင့် သင့်အား တောင်းပန်ခြင်းအမှုကိုသာပြုပါ၏။ ဤသို့ အိုမင်းသူဖြစ်ပြီး ယခုမူကား ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားလည်းဖြစ်သည့် ငါပေါလုသည်
10 အချုပ်အနှောင်ခံရစဉ် ငါ့သားဖြစ်လာသောဩနေသိမ်အတွက် သင့်ကိုတောင်းပန်ပါ၏။
11 သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။
12 သူ့ကို သင့်ထံသို့ ငါပြန်ပို့လိုက်၏။ သူသည် ငါ၏အသည်းနှလုံးဖြစ်၏။