ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:17-20 MSB

17 ဧ​လိ​ယ​သည် ငါ​တို့​နည်း​တူ သာ​မန်​လူ​သား​တစ်​ဦး​ဖြစ်​သော်​လည်း မိုး​မ​ရွာ​မည့်​အ​ကြောင်း ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင် မြေ​ပေါ်​၌​မိုး​မ​ရွာ​ဘဲ​နေ​၏။

18 ထို့​နောက် သူ​သည် နောက်​တစ်​ဖန် ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း​၍ မြေ​သည် အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း​စေ​၏။

19 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား​၍ တစ်​စုံ​တစ်​ဦး​က သူ့​ကို ပြန်​လည်​ခေါ်​ဆောင်​လာ​လျှင်

20 အ​ပြစ်​သား​ကို သူ​၏​မှား​ယွင်း​သော​လမ်း​မှ ပြန်​လည်​ခေါ်​ဆောင်​လာ​သော​ထို​သူ​သည် လမ်း​လွဲ​ခဲ့​သူ​၏​စိတ်​ဝိ​ညာဉ်​ကို သေ​ခြင်း​မှ​ကယ်​တင်​၍ များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​ပေး​မည်​ဖြစ်​ကြောင်း သိ​မှတ်​ပါ​စေ။