32 ဘုရားသခင်သည် လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားကိုဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းထင်ရှားစေတော်မူလိမ့်မည်။
33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။
34 သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။
35 သင်တို့အချင်းချင်းကြား၌ ချစ်ခြင်းမေတ္တာရှိလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ့တပည့်များဖြစ်ကြောင်းကို လူအပေါင်းတို့သိကြလိမ့်မည်”ဟုမိန့်တော်မူ၏။
36 ရှိမုန်ပေတရုက “သခင်ဘုရား၊ ကိုယ်တော်မည်သည့်အရပ်သို့ ကြွတော်မူမည်နည်း”ဟု မေးလျှောက်လျှင် ယေရှုက “ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်။ သို့သော် နောင်အခါတွင် လိုက်ရလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
37 ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော့်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။
38 ယေရှုက “ငါ့အတွက် သင်၏အသက်ကိုစွန့်မည်လော။ သင့်အား ငါအမှန်အကန်ဆိုမည်။ ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်။