1 သင်တို့စိတ်မပျက်စေရန် ဤအရာများကို သင်တို့အား ငါပြောထား၏။
2 လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
3 သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
4 ထိုအချိန်ကာလရောက်လာသောအခါ ငါသည် ဤသို့ပြောခဲ့ကြောင်း သင်တို့သတိရစေရန် ဤအကြောင်းအရာများကို သင်တို့အား ပြောထား၏။ ငါသည် သင်တို့နှင့်အတူရှိနေသောကြောင့် ဤအကြောင်းအရာများကို အစအဦး၌ သင်တို့အား မပြောခဲ့ပေ။
5 ယခုမူကား ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားတော့မည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ‘ကိုယ်တော်သည် မည်သည့်အရပ်သို့ သွားမည်နည်း’ဟု ငါ့အား မမေးကြ။
6 ထို့ပြင် ဤအကြောင်းအရာများကို သင်တို့အား ငါပြောသောကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျက်ရှိ၏။
7 သို့သော် ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ငါသွားရခြင်းသည် သင်တို့အတွက်အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ငါမသွားလျှင် ကူညီမစသူသည် သင်တို့ထံသို့လာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။