6 ထို့ကြောင့် ယေရှုက ညီတော်တို့အား “ငါ့အချိန်မရောက်သေး။ သင်တို့အချိန်ကား အမြဲအဆင်သင့်ဖြစ်၏။
7 လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
8 ပွဲတော်သို့ သင်တို့တက်သွားကြလော့။ ငါ့အချိန်မပြည့်စုံသေးသဖြင့် ဤပွဲတော်သို့ ငါမသွား”ဟု
9 မိန့်တော်မူပြီးလျှင် ဂါလိလဲနယ်တွင် နေရစ်တော်မူ၏။
10 သို့ရာတွင် ပွဲတော်သို့ ညီတော်တို့သွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား လျှို့ဝှက်စွာကြွတော်မူ၏။
11 ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။
12 လူထုပရိသတ်တို့ထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ လူအချို့တို့က “သူသည် သူတော်ကောင်းဖြစ်သည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကိုလှည့်ဖြားနေသည်”ဟု ဆိုကြ၏။