24 ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
25 ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက “ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။
26 သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။
27 ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။
28 သို့ဖြစ်၍ ယေရှုက “သင်တို့သည် လူ့သားကိုမြှောက်ထားကြသောအခါမှ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုဘဲ ငါ့အား ခမည်းတော်သွန်သင်တော်မူခဲ့သည့်အတိုင်း ဤအရာများကို ငါဟောပြောကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။
29 ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။
30 ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။