ကော​လော​သဲ 4:12-18 BCL

12 ဧ​ပ​ဖြ​က​လည်း​နှုတ်​ဆက်​လိုက်​၏။ သူ​သည်​လည်း သင်​တို့​၏​အ​သိုင်း​အ​ဝိုင်း​က​ဖြစ်​၏။ ခ​ရစ်​တော် ယေ​ရှု​၏​အ​မှု​တော်​ဆောင်​လည်း​ဖြစ်​၏။ သူ​သည် သင်​တို့​အ​တွက်​စိတ်​အား​ထက်​သန်​စွာ​အ​စဉ် ဆု​တောင်း​ပတ္ထနာ​ပြု​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကာ လုံး​ဝ​နား​လည်​သ​ဘော​ပေါက်​သော​ခ​ရစ်​ယာန် များ​အ​ဖြစ်​ဖြင့်​ကြံ့​ခိုင်​စွာ​ရပ်​တည်​နိုင်​ကြ​စေ ရန်​သူ​သည်​ဘု​ရား​သ​ခင်​အား​လျှောက်​ထား လျက်​ရှိ​၏။-

13 သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။-

14 ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။

15 လော​ဒိ​ကိ​မြို့​ရှိ​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့်​သူ​၏​အိမ်​တွင်​စု​ဝေး​ဝတ်​ပြု​ကြ​သည့် အ​သင်း​တော်​ဝင်​တို့​ကို​လည်း​ကောင်း​နှုတ်​ဆက် လိုက်​ကြောင်း​ပြော​ပြ​ကြ​လော့။-

16 ဤ​စာ​ကို​သင်​တို့​အ​သင်း​တော်​ဝင်​တို့​အား​ဖတ် ပြ​ပြီး​သော​အ​ခါ လော​ဒိ​ကိ​အ​သင်း​တော်​ဝင် တို့​အား​လည်း​ဖတ်​စေ​ကြ​လော့။ လော​ဒိ​ကိ အ​သင်း​တော်​မှ​တစ်​ဆင့်​ပေး​ပို့​မည့်​စာ​ကို​လည်း သင်​တို့​ဖတ်​ရှု​ကြ​လော့။-

17 သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။

18 ငါ​ပေါ​လု​က​သင်​တို့​အား​နှုတ်​ဆက်​စ​ကား​ကို ငါ​ကိုယ်​တိုင်​ရေး​၏။ ငါ​သည်​အ​ကျဉ်း​ထောင်​ထဲ တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မ​မေ့​ကြ​နှင့်။ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။ ကော​လော​သဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။