ကော​လော​သဲ 4:8-15 BCL

8 ငါ​တို့​၏​အ​ခြေ​အ​နေ​ကို​သင်​တို့​အား​ပြော ပြ​ခြင်း​အား​ဖြင့်​သင်​တို့​ကို​အား​တက်​စေ​ရန် ငါ​သည်​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက် ခြင်း​ဖြစ်​ပေ​သည်။-

9 သူ​နှင့်​အ​တူ​သြ​နေ​သိမ်​လည်း​လိုက်​ပါ​လာ​ပါ လိမ့်​မည်။ သြ​နေ​သိမ်​သည်​ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​သူ​ဖြစ်​၏။ သူ​သည်​သင်​တို့​အ​သိုင်း အ​ဝိုင်း​ထဲ​က​ဖြစ်​၏။ သူ​တို့​သည်​ဤ​အ​ရပ်​တွင် ဖြစ်​ပျက်​သ​မျှ​ကို​သင်​တို့​အား​ပြော​ပြ​လိမ့်​မည်။

10-11 ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

12 ဧ​ပ​ဖြ​က​လည်း​နှုတ်​ဆက်​လိုက်​၏။ သူ​သည်​လည်း သင်​တို့​၏​အ​သိုင်း​အ​ဝိုင်း​က​ဖြစ်​၏။ ခ​ရစ်​တော် ယေ​ရှု​၏​အ​မှု​တော်​ဆောင်​လည်း​ဖြစ်​၏။ သူ​သည် သင်​တို့​အ​တွက်​စိတ်​အား​ထက်​သန်​စွာ​အ​စဉ် ဆု​တောင်း​ပတ္ထနာ​ပြု​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကာ လုံး​ဝ​နား​လည်​သ​ဘော​ပေါက်​သော​ခ​ရစ်​ယာန် များ​အ​ဖြစ်​ဖြင့်​ကြံ့​ခိုင်​စွာ​ရပ်​တည်​နိုင်​ကြ​စေ ရန်​သူ​သည်​ဘု​ရား​သ​ခင်​အား​လျှောက်​ထား လျက်​ရှိ​၏။-

13 သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။-

14 ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။

15 လော​ဒိ​ကိ​မြို့​ရှိ​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့်​သူ​၏​အိမ်​တွင်​စု​ဝေး​ဝတ်​ပြု​ကြ​သည့် အ​သင်း​တော်​ဝင်​တို့​ကို​လည်း​ကောင်း​နှုတ်​ဆက် လိုက်​ကြောင်း​ပြော​ပြ​ကြ​လော့။-