ဂ​လာ​တိ 2:13-19 BCL

13 အ​ခြား​ယု​ဒ​အ​မျိုး​သား​ယုံ​ကြည်​သူ​များ သည်​လည်း ပေ​တ​ရု​ကဲ့​သို့​ပင်​သူ​ရဲ​ဘော​ကြောင် သည့်​အ​ပြု​အ​မူ​ကို​ပြု​လုပ်​လာ​သ​ဖြင့် ဗာ​န​ဗ ပင်​လျှင်​သူ​တို့​၏​ဘက်​သို့​လိုက်​ပါ​သွား​လေ သည်။-

14 သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။

15 ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​ဇာ​တိ​အား​ဖြင့်​ယု​ဒ အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ ``အ​ပြစ်​ကူး​သူ လူ​မျိုး​ခြား​များ'' မ​ဟုတ်​ကြ။-

16 သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-

17 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။-

18 အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။-

19 ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-