ဂ​လာ​တိ 2:2-9 BCL

2 ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-

3-4 ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။-

5 သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။

6 ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။-

7 ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။-

8 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

9 အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။-