ဂ​လာ​တိ 4:18-24 BCL

18 ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။-

19 ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-

20 သင်​တို့​အား​ငါ​ဆုံး​မ​သံ​ပြောင်း​စေ​ရန်​ငါ​သည် ယ​ခု​ပင်​လျှင် သင်​တို့​နှင့်​အ​တူ​ရှိ​ချင်​ပါ​ဘိ။ ငါ သည်​သင်​တို့​အ​တွက်​အ​လွန်​စိုး​ရိမ်​ပူ​ပန်​လျက် ရှိ​၏။

21 ပ​ညတ်​တ​ရား​၏​လက်​အောက်​တွင်​နေ​လို​သူ​တို့၊ သင်​တို့​သည်​ပ​ညတ်​ကျမ်း​၏​မိန့်​ဆို​ချက်​ကို​မ ကြား​ကြ​သ​လော။-

22 ထို​ကျမ်း​က​အာ​ဗြ​ဟံ​တွင်​သား​နှစ်​ယောက်​ရှိ ကြောင်း၊ တစ်​ယောက်​သည်​ကျွန်​မ​နှင့်​ရ​သော​သား ဖြစ်​၍​အ​ခြား​တစ်​ယောက်​မှာ​လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​ဖြစ်​ကြောင်း​ဖော်​ပြ​ပေ​သည်။-

23 ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။-

24 ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။-