28 ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-
29 ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။-
30 သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-
31 သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။