ဂ​လာ​တိ 5:3-9 BCL

3 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။-

4 ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။-

5 ငါ​တို့​မူ​ကား​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​ကို​အ​မှီ​ပြု​လျက်​ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​စောင့်​စား​မျှော်​လင့် ကြ​၏။-

6 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။

7 ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။-

8 ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။-

9 ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။-