ဂ​လာ​တိ 6:6-12 BCL

6 တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။

7 သင်​တို့​သည်​အ​ယူ​အ​ဆ​မ​လွဲ​မှား​ကြ​နှင့်။ ဘု​ရား သ​ခင်​အား​အ​ဘယ်​သူ​မျှ​လိမ်​လည်​၍​မ​ရ။ လူ သည်​မိ​မိ​မျိုး​ကြဲ​သည့်​အ​တိုင်း အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။-

8 လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-

9 သို့​ဖြစ်​၍​ငါ​တို့​သည်​အား​မ​လျော့​စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​ကြ​ကုန်​အံ့။ ယင်း​သို့ အား​မ​လျော့​စိတ်​မ​ပျက်​ကြ​ပါ​မူ ငါ​တို့​သည် အ​ချိန်​တန်​သော​အ​ခါ​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်။-

10 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။

11 ယ​ခု​အ​ဘယ်​မျှ​ကြီး​သော​စာ​လုံး​များ​ဖြင့် သင်​တို့ ထံ​သို့​ငါ့​လက်​ဖြင့်​ရေး​သား​သည်​ကို​ကြည့်​ကြ လော့။-

12 သင်​တို့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရန် အ​နိုင် အ​ထက်​တိုက်​တွန်း​ကြ​သူ​တို့​သည် ပြင်​ပ​အ​မှတ် လက္ခ​ဏာ​များ​အ​တွက် ဂုဏ်​ယူ​ပြ​စား​လို​သူ​များ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဤ​သို့​ပြု​ရ​ခြင်း​မှာ ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တ​ရား​တော် အ​တွက် သူ​တို့​ကိုယ်​တိုင်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​မည်​စိုး​သော​ကြောင့်​ဖြစ်​၏။-