တမန်တော်ဝတ္ထု 14:6-12 BCL

6 ထို​အ​ကြောင်း​ကို​တ​မန်​တော်​တို့​ကြား​သိ ကြ​သော​အ​ခါ လု​ကော​နိ​ပြည်​ရှိ​လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့်​အ​နီး​ရှိ​ဒေ​သ​သို့​ထွက်​ပြေး ၍၊-

7 သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။

8 လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-

9 သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-

10 ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-

11 လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-

12 သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-