17 ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။-
18 ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
19 သို့ဖြစ်၍ထိုသူတို့သည်ပေါလုကို အာရေတောင် တရားရုံးတော်သို့ခေါ်ဆောင်သွားပြီးလျှင် ``သင် ဟောပြောနေသည့်အယူဝါဒသစ်အကြောင်း ကိုငါတို့သိပါရစေ။-
20 သင်တို့ဟောပြောသောအကြောင်းအရာအချို့ တို့မှာ ငါတို့အတွက်အသစ်အဆန်းဖြစ်၍ နေပါ၏။ ထိုအရာများ၏အနက်အဋ္ဌိပ္ပါယ် ကိုငါတို့သိချင်ပါသည်'' ဟုဆိုကြ၏။-
21 (အာသင်မြို့သားအပေါင်းတို့နှင့်ထိုမြို့တွင် နေထိုင်သူဧည့်သည်များသည် သတင်းအသစ် အဆန်းကိုပြောဆိုကြားနာခြင်းအားဖြင့် အချိန်ကိုကုန်လွန်စေတတ်ကြ၏။)
22 ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
23 ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-