တမန်တော်ဝတ္ထု 20:5-11 BCL

5 ထို​သူ​တို့​သည်​ကြို​တင်​သွား​နှင့်​ကြ​ပြီး နောက်​ကျွန်ုပ်​တို့​အား တ​ရော​မြို့​တွင်​စောင့် နေ​ကြ​၏။-

6 ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။

7 ကျွန်ုပ်​တို့​သည်​စ​နေ​နေ့​ည​နေ​၌​မိတ်​သ​ဟာ ယ​စား​ပွဲ​ဝင်​ရန်​အ​တွက်​စု​ဝေး​ကြ​၏။ ပေါ​လု သည်​နောက်​တစ်​နေ့​တွင်​ထို​မြို့​မှ​ထွက်​ခွာ​သွား ရန်​အ​ကြံ​ရှိ​သ​ဖြင့် သန်း​ခေါင်​အ​ချိန်​တိုင် အောင်​လူ​တို့​အား​ဟော​ပြော​လျက်​နေ​၏။-

8 ကျွန်ုပ်​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင်​ထွန်း​ညှိ ထား​သော​မီး​ခွက်​အ​မြောက်​အ​မြား​ရှိ​၏။-

9 ဥ​တု​ခု​ဆို​သူ​လူ​ငယ်​လူ​ရွယ်​တစ်​ယောက်​သည် ပြူ​တင်း​ပေါက်​ဘောင်​ပေါ်​တွင်​ထိုင်​လျက်​နေ​၏။ ပေါ​လု​ဆက်​၍​ဟော​ပြော​နေ​စဉ်​သူ​သည်​ငိုက် မြည်း​လာ​ပြီး​လျှင် နောက်​ဆုံး​၌​အိပ်​ပျော်​သွား ကာ​အိမ်​၏​တ​တိ​ယ​အ​ထပ်​မှ​မြေ​သို့​လိမ့် ကျ​လေ​သည်။ လူ​တို့​သည်​သူ့​ကို​ပွေ့​ချီ​လိုက် ရာ​သေ​နေ​သည်​ကို​တွေ့​ကြ​၏။-

10 သို့​ရာ​တွင်​ပေါ​လု​သည်​အောက်​သို့​ဆင်း​လာ ကာ ထို​သူ​၏​အ​ပေါ်​၌​မှောက်​လှဲ​ဖက်​ယမ်း ပြီး​နောက်​လူ​တို့​အား ``မ​စိုး​ရိမ်​ကြ​နှင့်၊ သူ သည်​အ​သက်​ရှင်​လျက်​ပင်​ရှိ​သေး​သည်'' ဟု ဆို​၏။-

11 ပေါ​လု​သည်​အိမ်​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မိတ်​သ​ဟာ​ယ စား​ပွဲ​ဝင်​၏။ အ​စား​အ​စာ​သုံး​ဆောင်​ပြီး သော်​သူ​သည်​အ​ရုဏ်​တက်​သည်​တိုင်​အောင် ထို သူ​တို့​နှင့်​ကြာ​မြင့်​စွာ​စ​ကား​ပြော​လျက် နေ​လေ​သည်။ ထို​နောက်​ထို​မြို့​မှ​ထွက်​ခွာ သွား​၏။-