11 အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
12 ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။
13 ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-
14 ထိုမြို့တွင်ရက်အတော်ကြာမျှတည်းခိုနေ ကြစဉ် ဖေတ္တုသည်ပေါလု၏အမှုကိုမင်းကြီး အားပြောပြ၏။ ဖေတ္တုက ``ဤအရပ်တွင်ဖေ လဇ်အကျဉ်းချထားခဲ့သည့်လူတစ်ယောက် ရှိပါ၏။-
15 ကျွန်ုပ်ယေရုရှလင်မြို့သို့ရောက်စဉ်အခါက ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ကျွန်ုပ်အားထိုသူ ကိုစွပ်စွဲချက်တင်ကြပြီးနောက် သူ့အား အပြစ်ဒဏ်စီရင်ရန်တောင်းဆိုကြပါ၏။-
16 အကျွန်ုပ်ကတရားခံတစ်ယောက်အားတရားလို များနှင့်မျက်နှာစုံညီတွေ့ဆုံ၍ သူတို့၏စွပ်စွဲ ချက်ကိုချေပခွင့်မပေးဘဲအပြစ်ဒဏ်စီရင် ခြင်းမှာ ရောမဋ္ဌလေ့ထုံးစံမဟုတ်ကြောင်းသူ တို့အားဖြေကြားခဲ့ပါ၏။-
17 သို့ဖြစ်၍သူတို့သည်ဤမြို့သို့လာရောက်သော အခါ အကျွန်ုပ်သည်မဆိုင်းမငံ့ဘဲနောက်တစ် နေ့၌တရားခွင်မှာထိုင်၍ထိုသူကိုအခေါ် ခိုင်းပါ၏။-