23 ထိုပရောဖက်၏စကားကိုမနာမယူဘဲ နေသောသူသည် ဘုရားသခင်၏လူစုတော် ဝင်အဖြစ်မှလုံးဝပယ်ရှားခြင်းကိုခံရလိမ့် မည်' ဟုမိန့်မြွက်ခဲ့၏။-
24 ရှမွေလမှစ၍ဗျာဒိတ်တော်အားဖြင့်ဟော ပြောကြသည့်အခြားပရောဖက်အပေါင်း တို့က ယခုနေ့ရက်ကာလတွင်ဖြစ်ပျက်မည့် အကြောင်းအရာများကိုဟောပြောကြေညာ ခဲ့ကြ၏။-
25 ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-
26 သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။