တမန်တော်ဝတ္ထု 6:10-15 BCL

10 သို့​ရာ​တွင်​သ​တေ​ဖန်​သည်​ဝိ​ညာဉ်​တော်​ချ​ပေး သည့်​အ​သိ​ပ​ညာ​နှင့်​ပြော​ဆို​သ​ဖြင့် ထို​သူ တို့​သည်​သူ့​အား​ချေ​ပ​နိုင်​စွမ်း​မ​ရှိ​ကြ။-

11 သို့​ဖြစ်​၍``ဤ​သူ​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း​ပြစ်​မှား​ပြော ဆို​သည်​ကို​ငါ​တို့​ကြား​ပါ​သည်'' ဟု​လူ​တို့ အား​တံ​စိုး​လက်​ဆောင်​ပေး​၍​အ​ပြော​ခိုင်း ကြ​၏။-

12 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​လူ​များ၊ ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ အား​နှိုး​ဆွ​ပေး​ကြ​၏။ သူ​တို့​သည်​သူ့​ကို ဖမ်း​ဆီး​၍​တ​ရား​လွှတ်​တော်​သို့​ပို့​ကြ​၏။-

13 ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-

14 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​၍ အ​ကျွန်ုပ်​တို့​အား​မော​ရှေ​ပေး​အပ်​ခဲ့ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ကို​ပြောင်း​လဲ​စေ လိမ့်​မည်​ဖြစ်​ကြောင်း ထို​သူ​ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ကြ​ပါ​၏'' ဟု​ထွက်​ဆို ကြ​၏။-

15 တ​ရား​လွှတ်​တော်​တွင်​ထိုင်​လျက်​နေ​ကြ​သော သူ​အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​အာ​ရုံ​စိုက် ၍​ကြည့်​သော​အ​ခါ သူ​၏​မျက်​နှာ​သည်​ကောင်း ကင်​တ​မန်​၏​မျက်​နှာ​နှင့်​တူ​သည်​ကို​တွေ့​မြင် ရ​ကြ​၏။