တမန်တော်ဝတ္ထု 7:37-43 BCL

37 `သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-

38 သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။

39 ``သို့​ရာ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​သည် သူ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။ သူ့​အား​ပစ်​ပယ် ကာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လို​ကြ​၏။-

40 သူ​တို့​က`ငါ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​မည့် ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ။ ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော ဤ​မော​ရှေ​ဆို​သူ​ကား​အ​ဘယ်​သို့​ဖြစ် နေ​သည်​ကို​ငါ​တို့​မ​သိ​ပါ' ဟု​အာ​ရုန်​အား ပြော​ကြား​ကြ​၏။-

41 ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

42 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံးယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။

43 သင်​တို့​သယ်​ဆောင်​လာ​သည့်​အ​ရာ​များ​မှာ မော​လုပ်​ဘု​ရား​စင်​နှင့်၊သင်​တို့​၏​ဘု​ရား​ရှင်​ဖန်​၏​ကြယ်​ဖြစ်​သည်။ထို​အ​ရာ​တို့​သည်​သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရန် သွန်း​လုပ်​သည့်​ရုပ်​တု​များ​ဖြစ်​ကြ​၏။ထို့​ကြောင့်​သင်​တို့​အား​ဗာ​ဗု​လုန်​မြို့​ကို ကျော်​လွန်​အောင်​ပြည်​နှင်​ဒဏ်​ငါ​ပေး​မည်''