တမန်တော်ဝတ္ထု 7:52-58 BCL

52 သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-

53 ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သည့်​ပ​ညတ်​တော်​ကို​ရ​ရှိ​သော်​လည်း ထို​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​သ​တေ​ဖန်​မြွက်​ဆို​၏။

54 ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-

55 သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။-

56 ထို​အ​ခါ​သ​တေ​ဖန်​က``ငါ​သည်​ကောင်း​ကင် ပွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်​၏​လက်ယာ​ဘက်​တွင်​ရပ်​လျက် နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏'' ဟု​ဆို​၏။

57 ထို​သူ​တို့​သည်​ကျယ်​စွာ​ဟစ်​အော်​လျက် မိ​မိ တို့​၏​နား​များ​ကို​လက်​ဖြင့်​ပိတ်​ဆို့​ပြီး​လျှင် သူ့​ဆီ​သို့​တ​ရှိန်​ထိုး​ပြေး​ကာ၊-

58 သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-