တမန်တော်ဝတ္ထု 7:7-13 BCL

7 သူ​တို့​အား​ကျွန်​စေ​စား​သော​လူ​မျိုး​အား ငါ ဒဏ်​စီ​ရင်​တော်​မူ​မည်။ ထို​နောက်​သင်​၏​သား မြေး​တို့​သည်​ထို​ပြည်​မှ​လွတ်​မြောက်​ကြ​ပြီး လျှင် ဤ​အ​ရပ်​တွင်​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု ကြ​လတ္တံ့' ဟူ​၍​မိန့်​တော်​မူ​၏။-

8 ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။

9 ``လူ​မျိုး​၏​အ​ဖ​တို့​သည်​မိ​မိ​တို့​ညီ​ယော​သပ် အား​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ စေ​ရန်​ရောင်း​လိုက်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သည် ဖြစ်​၍၊-

10 သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-

11 အီ​ဂျစ်​ပြည်​နှင့်​ခါ​နန်​ပြည်​တို့​တွင် အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​သ​ဖြင့် အ​တိ​ဒုက္ခ​ရောက်​ကြ​ကုန်​၏။ ငါ​တို့​၏​ဘိုး ဘေး​တို့​မှာ​အ​စာ​ရေ​စာ​မ​ရှိ​ကြ​တော့ ချေ။-

12 သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​များ​ရှိ ကြောင်း​ယာ​ကုပ်​ကြား​သော​အ​ခါ မိ​မိ​၏ သား​များ​ကို​ထို​ပြည်​သို့​ပ​ထ​မ​အ​ကြိမ် စေ​လွှတ်​လိုက်​၏။-

13 သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-