တမန်တော်ဝတ္ထု 8:13-20 BCL

13 ရှိ​မုန်​ကိုယ်​တိုင်​ပင်​လျှင်​ယုံ​ကြည်​သ​ဖြင့်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ပြီး​နောက် ဖိ​လိပ္ပု​ထံ​တွင်​မှီ​ဝဲ ဆည်း​ကပ်​လေ​သည်။ သူ​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​သော အ​ခါ အံ့​သြ​မိန်း​မော​လေ​၏။

14 ယေ​ရု​ရှ​လင်​မြို့​ရှိ​တ​မန်​တော်​တို့​သည်​ရှ​မာ​ရိ ပြည်​သား​တို့ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ခံ​ယူ​ကြ​ကြောင်း​ကြား​လျှင် ပေ​တ​ရု နှင့်​ယော​ဟန်​တို့​ကို​သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။-

15 တ​မန်​တော်​နှစ်​ပါး​တို့​သည်​ရောက်​လာ​၍ သန့် ရှင်း​သော​ဝိ​ညာဉ်​ကို​ထို​သူ​တို့​ခံ​ယူ​ကြ​စေ ရန်​ဆု​တောင်း​ကြ​၏။-

16 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ချိန်​အ​ထိ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ထို​သူ​တို့ အ​ထဲ​မှ မည်​သူ​တစ်​စုံ​တစ်​ယောက်​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မ​မူ​သေး​သော​ကြောင့် ဖြစ်​၏။ ထို​အ​ချိန်​အ​ထိ​ထို​မြို့​သူ​မြို့​သား တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဗတ္တိ​ဇံ​ခံ​ယူ​ထား​ရုံ​မျှ​သာ​ရှိ​၏။-

17 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။

18-19 ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။

20 ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-