တမန်တော်ဝတ္ထု 8:17-24 BCL

17 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။

18-19 ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။

20 ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-

21 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​၏​စိတ်​ထား မ​မှန်​ကန်​သ​ဖြင့် ငါ​တို့​၏​အ​လုပ်​တွင်​သင် မ​ပါ​ဝင်​နိုင်။-

22 ဤ​သို့​ဆိုး​ညစ်​မှု​အ​တွက်​နောင်​တ​ရ​လော့။ ဤ သို့​စိတ်​အ​ကြံ​အ​စည်​ပြု​မိ​သည့်​အ​တွက် အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ရန် သ​ခင်​ဘု​ရား ထံ​ဆု​တောင်း​လော့။-

23 သင်​သည်​မ​နာ​လို​စိတ်​မွှန်​လျက်​အ​ပြစ်​ဒု​စ​ရိုက် ၏​အ​နှောင်​အ​ဖွဲ့​၌​ရှိ​နေ​သည်​ကို​ငါ​မြင်​၏'' ဟု ဆို​၏။

24 ရှိ​မုန်​က``အ​ရှင်​တို့​မြွက်​ဆို​သည့်​အ​မှု​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ခံ​ရ​စေ​ရန် သ​ခင်​ဘု​ရား ထံ​အ​ကျွန်ုပ်​၏​အ​တွက်​ဆု​တောင်း​ပေး​တော်​မူ ကြ​ပါ'' ဟု​တောင်း​ပန်​လေ​သည်။