တမန်တော်ဝတ္ထု 8:20-26 BCL

20 ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-

21 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​၏​စိတ်​ထား မ​မှန်​ကန်​သ​ဖြင့် ငါ​တို့​၏​အ​လုပ်​တွင်​သင် မ​ပါ​ဝင်​နိုင်။-

22 ဤ​သို့​ဆိုး​ညစ်​မှု​အ​တွက်​နောင်​တ​ရ​လော့။ ဤ သို့​စိတ်​အ​ကြံ​အ​စည်​ပြု​မိ​သည့်​အ​တွက် အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ရန် သ​ခင်​ဘု​ရား ထံ​ဆု​တောင်း​လော့။-

23 သင်​သည်​မ​နာ​လို​စိတ်​မွှန်​လျက်​အ​ပြစ်​ဒု​စ​ရိုက် ၏​အ​နှောင်​အ​ဖွဲ့​၌​ရှိ​နေ​သည်​ကို​ငါ​မြင်​၏'' ဟု ဆို​၏။

24 ရှိ​မုန်​က``အ​ရှင်​တို့​မြွက်​ဆို​သည့်​အ​မှု​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ခံ​ရ​စေ​ရန် သ​ခင်​ဘု​ရား ထံ​အ​ကျွန်ုပ်​၏​အ​တွက်​ဆု​တောင်း​ပေး​တော်​မူ ကြ​ပါ'' ဟု​တောင်း​ပန်​လေ​သည်။

25 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​သ​ခင်​ယေ​ရှု အ​ကြောင်း​ဆိုင်​ရာ ကိုယ်​တွေ့​မျက်​မြင်​အ​ဖြစ် အ​ပျက်​များ​ကို​သက်​သေ​ခံ​လျက် သ​ခင်​ဘု​ရား ၏​တ​ရား​တော်​ကို​ဟော​ပြော​ပြီး​နောက် ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။ အ​ပြန်​လမ်း ခ​ရီး​တွင်​များ​စွာ​သော​ရှ​မာ​ရိ​ရွာ​တို့​၌ သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ကြ​၏။

26 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဖိ​လိပ္ပု​အား``သင်​သည်​ထ​၍​ယေ​ရု​ရှ​လင် မြို့​မှ​ဂါ​ဇ​မြို့​သို့​သွား​ရာ​လမ်း​အ​တိုင်း တောင်​အ​ရပ်​သို့​သွား​လော့'' ဟု​ဆို​၏။ (ထို လမ်း​ကား​သဲ​ကန္တာ​ရ​လမ်း​ဖြစ်​သ​တည်း။)-