တမန်တော်ဝတ္ထု 8:26-33 BCL

26 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဖိ​လိပ္ပု​အား``သင်​သည်​ထ​၍​ယေ​ရု​ရှ​လင် မြို့​မှ​ဂါ​ဇ​မြို့​သို့​သွား​ရာ​လမ်း​အ​တိုင်း တောင်​အ​ရပ်​သို့​သွား​လော့'' ဟု​ဆို​၏။ (ထို လမ်း​ကား​သဲ​ကန္တာ​ရ​လမ်း​ဖြစ်​သ​တည်း။)-

27-28 သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ထ​၍​သွား​လေ​သည်။ ထို​စဉ်​အ​ခါ​၌​အဲ​သ​ယော​ပိ​ပြည်​မှ​မိန်း​မ စိုး​အ​ရာ​ရှိ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့ သို့​သွား​ရောက်​၍​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ် ဝတ်​ပြု​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လည်​ထွက်​ခွာ လာ​၏။ သူ​သည်​အဲ​သ​ယော​ပိ​ဘု​ရင်​မ​ကန္ဒက် ၏​ဘဏ္ဍာ​ရေး​မှူး​ချုပ်​ဖြစ်​၏။ သူ​သည်​ရ​ထား​စီး လျက်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို​ဖတ်​နေ ၏။-

29 ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား``ထို​ရ​ထား အ​နီး​သို့​သွား​လော့'' ဟု​အ​မိန့်​တော်​ရှိ​၏။-

30 သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ပြေး​၍​သွား​ရာ​ပ​ရော ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို ထို​သူ​ဖတ်​လျက်​နေ​သည် ကို​ကြား​သ​ဖြင့်``သင်​ဖတ်​နေ​သည့်​ကျမ်း​ချက် ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​သ​လော'' ဟု​မေး​၏။

31 ထို​သူ​က``အ​နက်​ဖွင့်​ပြ​မည့်​သူ​မ​ရှိ​ဘဲ အ​ဘယ် သို့​လျှင်​နား​လည်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ပြီး နောက်​ဖိ​လိပ္ပု​အား​ရ​ထား​ပေါ်​သို့​တက်​၍ မိ​မိ နှင့်​အ​တူ​ထိုင်​ရန်​ဖိတ်​ခေါ်​၏။-

32 ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည်နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

33 သူ​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​၏။တ​ရား​မျှ​တ​မှု​ရှိ​စေ​ရန်​သူ​၏​အ​တွက် ဆောင်​ရွက်​ပေး​မည့်​သူ​မ​ရှိ။ဤ​လော​က​မှ​သူ​၏​အ​သက်​ကို​ရုပ်​သိမ်း​သွား သ​ဖြင့်အ​ဘယ်​သို့​လျှင်၊သူ့​၏​သား​မြေး​များ​ကို ညွှန်​ပြ​နိုင်​မည်​နည်း''ဟူ​၍​ဖြစ်​၏။