30 သို့ဖြစ်၍ဖိလိပ္ပုသည်ပြေး၍သွားရာပရော ဖက်ဟေရှာယကျမ်းကို ထိုသူဖတ်လျက်နေသည် ကိုကြားသဖြင့်``သင်ဖတ်နေသည့်ကျမ်းချက် ၏အနက်အဋ္ဌိပ္ပါယ်ကိုနားလည်ပါသလော'' ဟုမေး၏။
31 ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။-
32 ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည်နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
33 သူသည်ရှုတ်ချခြင်းကိုခံရ၏။တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့်အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း''ဟူ၍ဖြစ်၏။
34 ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။-
35 ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
36 သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။