တမန်တော်ဝတ္ထု 8:36-40 BCL

36 သူ​တို့​နှစ်​ယောက်​သည်​ဆက်​လက်​၍​ခ​ရီး​ပြု ကြ​စဉ်​ရေ​ရှိ​သည့်​အ​ရပ်​သို့​ရောက်​ကြ​၏။ ထို အ​ခါ​အ​ရာ​ရှိ​က``ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ​၏။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​အ​ကျွန်ုပ်​မ​ခံ​ယူ​စေ​ရန် ဆီး​တား​သည့်​အ​ကြောင်း​ရှိ​ပါ​သ​လော'' ဟု ဆို​၏။

37 (ဖိ​လိပ္ပု​က``သင်​သည်​သ​ခင်​ယေ​ရှု​အား​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​ယုံ​ကြည်​ပါ​လျှင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​နိုင်​ပါ​သည်'' ဟု​ပြန်​ပြော​၏။ အ​ရာ​ရှိ က​လည်း``သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ကြောင်း​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ သည်'' ဟု​ဆို​၏။)-

38 အ​ရာ​ရှိ​သည်​ရ​ထား​ကို​ရပ်​စေ​ပြီး​နောက် သူ​တို့ နှစ်​ယောက်​သည်​ရေ​ထဲ​သို့​ဆင်း​သွား​ကြ​ပြီး​လျှင် ဖိ​လိပ္ပု​သည်​အ​ရာ​ရှိ​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။-

39 သူ​တို့​ရေ​မှ​တက်​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား​တစ်​ပါး အ​ရပ်​သို့​ဆောင်​ယူ​သွား​တော်​မူ​သ​ဖြင့် အ​ရာ​ရှိ သည်​ဖိ​လိပ္ပု​ကို​နောက်​တစ်​ဖန်​မ​တွေ့​ရ​တော့​ပေ။ သူ​သည်​ဝမ်း​မြောက်​စွာ​ဆက်​လက်​ခ​ရီး​ပြု​လေ သည်။-

40 ဖိ​လိပ္ပု​သည်​အာ​ဇုတ်​မြို့​သို့​မိ​မိ​ရောက်​ရှိ​နေ သည်​ကို​သိ​ရ​၏။ ထို​နောက်​သူ​သည်​ကဲ​သ​ရိ မြို့​သို့​သွား​၏။ လမ်း​ခ​ရီး​တွင်​တစ်​မြို့​ပြီး တစ်​မြို့​သို့​ဝင်​၍​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​လေ​သည်။