တမန်တော်ဝတ္ထု 9:19-25 BCL

19 ထို​နောက်​အ​စား​အ​စာ​သုံး​ဆောင်​ပြီး​သော အ​ခါ​ခွန်​အား​ပြည့်​လာ​၏။ရှော​လု​သည်​ဒ​မာ​သက်​မြို့​တွင် တ​ပည့်​တော် တို့​နှင့်​အ​တူ​ရက်​အ​နည်း​ငယ်​နေ​၏။-

20 တ​ရား​ဇ​ရပ်​များ​သို့​ချက်​ချင်း​သွား​ရောက် ၍ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ဟော​ပြော​လေ​၏။

21 သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။

22 သို့​သော်​ရှော​လု​က​သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ဖြစ်​တော်​မူ​ကြောင်း​ကို ပိုင်​ပိုင်​နိုင်​နိုင်​သက်​သေ​ပြ ၍​ဟော​ပြော​ရာ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး သား​တို့​ပြန်​လည်​၍​မ​ချေ​ပ​နိုင်​ကြ​ပေ။

23 ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-

24 သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။-

25 သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။