တမန်တော်ဝတ္ထု 9:7-13 BCL

7 ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-

8 ရှော​လု​သည်​မြေ​ပေါ်​မှ​ထ​၍​မျက်​စိ​ကို​ဖွင့် လိုက်​သော​အ​ခါ အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ရ​တော့​ချေ။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​သူ့ လက်​ကို​ဆွဲ​၍​ဒ​မာ​သက်​မြို့​ထဲ​သို့​ခေါ် ဆောင်​သွား​ကြ​၏။-

9 သူ​သည်​သုံး​ရက်​တိုင်​တိုင်​မျက်​စိ​အ​လင်း ကွယ်​လျက်​နေ​၏။ ထို​သုံး​ရက်​အ​တွင်း​မ​စား မ​သောက်​ဘဲ​နေ​၏။

10 ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။

11 သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။-

12 သူ​သည်​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ​နိုင် ရန် အာ​န​နိ​ဆို​သူ​လာ​၍​မိ​မိ​အ​ပေါ်​မှာ လက်​တင်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင် ရ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

13 အာ​န​နိ​က ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​ယေ​ရု ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​၏​လူ​စု​တော်​အား​မည် မျှ​ဒုက္ခ​ပေး​ခဲ့​သည်​ကို လူ​အ​မြောက်​မြား​ထံ မှ​အ​ကျွန်ုပ်​ကြား​သိ​ရ​ပါ​၏။-