10 ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
11 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
12 ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
13 ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
14 အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
15 ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
16 ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။