34 သခင်ယေရှုက ``သင်တို့တွင်မုန့်မည်မျှရှိ သနည်း'' ဟုမေးတော်မူသော်၊``မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ရှိပါသည်'' ဟုပြန်လျှောက်ကြ၏။
35 ကိုယ်တော်သည်လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ရန်အမိန့်ပေးတော်မူ၏။-
36 မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။-
37 လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။-
38 မုန့်စားသူဦးရေကားအမျိုးသမီးနှင့်ကလေး များမှအပလေးထောင်ခန့်ရှိသတည်း။
39 ထိုနောက်ကိုယ်တော်သည်လူတို့အားမိမိရပ်ရွာ သို့ပြန်စေတော်မူပြီးနောက် လှေစီး၍မာဂ ဒါလနယ်သို့ကြွတော်မူ၏။